Tuesday, October 21, 2008

အိမ်ပြန်ချင်တယ်

ကျွန်ုပ်အိမ်ပြန်ချင်တယ်။ အိမ်မပြန်တာ အတော်ကြာပြီ၊ အရမ်းသတိရတယ်။ သူငယ်ချင်းတွေစီက ကြားတယ်၊ ရာသီဥတု အရမ်းနေလို့ ကောင်းတယ်တဲ့။ ကျွန်ုပ် တောင်ကြီးက လေပြေ ကိုခံစားချင်တယ်။ ငယ်သူချင်းတွေနဲ့ လည်းတွေ့ ချင်တယ်။ ကျွန်ုပ် ပြန်တိုင်း သူငယ်ချင်းတွေကလည်း သူအလုပ်နဲ့ သူ ဆိုတော့ မနှောက်ယှက်ချင် ဘူးလေ။ ကိုယ်ချင်းစာတယ်လေ။ ကျွန်ုပ် တစ်ခါမျှ မစဉ်းစားမိ တောင်ကြီးကို ခွဲခွာသွားရလိမ့်မည်လို့ မထင်ခဲ့။ ဒါပေမဲ့ လည်း သတိရမြဲမို့ ပြီးတော့ ကြာကြာတစ်ခါ ပြန်နိုင်တာမို့  အဲဒါလေးနဲ့ ဖြေသိမ့်နေလိုက်တယ်။ ရေးချင်တာတွေက အများကြီးပဲ သတိရ တာ နဲ့ အိမ်ပြန်ချင်တာပဲသိတော့တယ်။

Labels: ,


This page is powered by Blogger. Isn't yours?